FOCP Practitioner တစ်ယောက်သိရှိရန်လိုအပ်သည့် အခြေခံအချက်အလက်များကို နားလည်လွယ်ရန် ရေးသားထားပါသည် ။ FinOps ၏အခြေခံသွင်ပြင်လက္ခဏာများ ၊ ထိရောက်သော Cloud ငွေကြေးစီမံခန့်ခွဲမှု အလေ့အကျင့်များ ၊ Cloud အသုံးစရိတ်မှ လုပ်ငန်းတန်ဖိုးကို အမြင့်ဆုံးမြှင့်တင်ရန်အတွက် အဓိကအခြေခံမူများနှင့် အလေ့အကျင့်များ သိရှိနိုင်ရန် Official Course Outline အတိုင်းရေးသားထားပါသည် ။
Cloud Computing အခြေခံရှိသူများ ဖတ်ရှုလေ့လာရန် သင့်တော်သည် ။ Cloud Computing အခြေခံအချက်များ ၊ ( AWS ၊ Azure ၊ Google Cloud ) မှ အဓိကဝန်ဆောင်မှုများ ငွေပေးချေမှု နှင့် စျေးနှုန်းမော်ဒယ်များ ၊ လည်ပတ်မှုတန်ဖိုးနှင့် ပေးဆောင်သည့် သုံးစွဲမှုပုံစံများ၏ အခြေခံမူများ ကိုသိရှိနားလည်ထားလျှင်ပိုကောင်းပါသည် ။
Course ပြီးဆုံးသွားပါက FinOps အဓိက အစိတ်အပိုင်းများကို သိရှိနားလည်သွားပါမည် ။ မိမိ Organization အတွက် ထိရောက်သော Cloud ငွေကြေးစီမံခန့်ခွဲမှု အလေ့အကျင့်များကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်နိုင်သွားပါမည် ။ Cloud ကုန်ကျစရိတ်စီမံခန့်ခွဲမှုမှတစ်ဆင့် လုပ်ငန်းတန်ဖိုးမြှင့်တင်ရန် FinOps စည်းမျဉ်းများကို အသုံးပြုနိုင်မည် ဖြစ်ပါသည် ။
ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ် X.